LANGUAGE

အကြောင်းအရာ

ဦးတည်ချက်

ပုဂံအလှရှာပုံတော်ဓါတ်ပုံပွဲတော် ၂၀၁၇

ပုဂံအလှရှာပုံတော်ဓါတ်ပုံပွဲတော် ကို ကျင်းပပြုလုပ်ခြင်း၏ ရည်ရွယ်ချက်မှာ ပုဂံ၏ဆွဲဆောင်မှု အလှတရားများ ကိုရှာဖွေဖော်ထုတ်နိုင်ရန်၊ ကောင်းသတင်းများ ပြန့် ပွားစေရန်၊ ယဉ်ကျေးမူ အလှတရား များကို ထိန်း သိမ်းစောင့်ရှောက် နိင်စေရန် ဖြစ်ပါသည်။ ထိုရည်ရွယ်ချက်များကို ဦးတည်၍ ပုဂံဓာတ်ပုံပွဲတော် နှင့်အတူ အခြားသော အကျိုးရှိလှုပ်ရှားမှု များကို စိတ်ဝင်စားသော တစ်ကမ္ဘာလုံးမှ လူမျိုးမရွေး၊ ဘာသာမရွေး၊ ယဉ်ကျေးမှုမရွေး၊ အသက်အရွယ်မရွေး ပါဝင်ဆင်နွှဲ နိုင်ပါသည်။ပုဂံဓါတ်ပုံပွဲတော်ကို ပုဂံဒေသ၏ နောင်အနာဂတ်ကာလတွင်ခရီးသွားများတိုးတက် လာနိုင်ပြီး၊ပြည်တွင်းပြည်ပမှ ခရီးသွားများအတွက် ပိုမိုဆွဲဆောင်မှုရှိသောနေရာ တစ်ခုဖြစ်လာစေ ရန်အတွက် လူထုအသိပညာ ပေးခြင်းနှင့်အတူ ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

ဦးစီးကျင်းပသူ

ပုဂံ ဒေသခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေးတိုးတက်ရေးစီမံကိန်း

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီတို့ မှ ပူးပေါင်း၍ ပုဂံ ဒေသခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေးတိုးတက်ရေးစီမံကိန်းကို (၂၀၁၄ မှ ၂၀၁၇ အထိ) ကို လက်ရှိတွင် အကောင်အထည်ဖော် ဆောင်ရွက်နေပါသည်။ ပင်မစီမံကိန်း၏ အဓိကရည်၇ွယ်ချက်မှာ ပုဂံဒေသ အတွက်ထိရောက်သော ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး ရန်အတွက် ရှေ့ပြေးစီမံကိန်းငယ် (၁၅) ခုကိုအကောင်အထည်ဖော်ပြီး၊ ၎င်းမှရရှိသော အတွေ့ အကြုံ သင်ခန်းစာကို မြန်မာနိုင်ငံရှိ အခြားဒေသများတွင် သင့်လျော်စွာ ပြန်လည် အသုံးချနိုင်ရန် ဖြစ်ပါသည်။ ပုဂံဓါတ်ပုံပွဲတော်မှာ ရှေ့ပြေးစီမံကိန်းများထဲမှ တစ်ခုဖြစ်ပါသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နှင့် ဂျပန်အပြည်ပြည် ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီတို့သာမက စီမံကိန်းမှ လုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ ပုဂံဒေသခရီးသွား လုပ်ငန်းတိုးတက်ရေးအတွက် စေတနာဝန်ထမ်းစိတ်ဓါတ် အဓိကဖြင့်ပါဝင် ဆောင်ရွက် နေကြသော ပုဂံခရီးသွားဖွံ့ ဖြိုးရေး ပံ့ပိုးသူများအဖွဲ့ တို့ အဓိက ပါဝင်ကြပါသည်။
Created with Bagan Photo Festival