LANGUAGE

Arrow
Arrow
PlayPause
Slider

ပြိုင်ပွဲဝင်ခြင်း

ပုဂံအလှ ရှာပုံတော်

ပုဂံအလှရှာပုံတော်ဓါတ်ပုံပွဲတော်ကို ကျင်းပပြုလုပ်ခြင်း၏ ရည်ရွယ်ချက်မှာ ပုဂံ၏ဆွဲဆောင်မှု အလှတရားများ ကိုရှာဖွေဖော်ထုတ်နိုင်ရန်၊ ကောင်းသတင်းများ ပြန့်ပွားစေရန်၊ ယဉ်ကျေးမူ အလှတရား များကို ထိန်း သိမ်းစောင့်ရှောက် နိင်စေရန်ဖြစ်ပါသည်။ ရှုမြင်ကွင်း၊ ယဉ်ကျေးမှု၊ သမိုင်း၊ ဘာသာရေး၊ လူနေမှုပုံစံ၊ အစားအသောက်၊ သဘာဝပတ်ဝန်းကျင် စသည့်ရှုထောင့် အမျိုးမျိုးကို နိုင်ငံတကာ ခရီးသွားများအပါအ၀င် မြန်မာပြည်တွင်းခရီးသွားများ၊ ဒေသခံပြည်သူများ ၏ အမြင် အသီးသီးမှ ခံစား ဖော်ထုတ်ခြင်း ဖြစ်ပါသည်။ယခု ဓာတ်ပုံပြိုင်ပွဲအတွက် ကမ္ဘာအနှံ့မှ လူအားလုံး Bagan Photo Festival facebook မှတဆင့် အမှတ်ပေးနိုင်မည်ဖြစ်ပြီး ပုဂံ၏ တမူထူးခြား၍ ပုန်းကွယ်နေသော အလှတရားများကို ကမ္ဘာအနှံ့အပြားမှာသာမက ပုဂံဒေသတွင်ပါ သိရှိပြန့် ပွားစေရန် ရည်ရွယ်ပါသည်။ ခရီးသွားများနှင့် ဒေသခံများပါ ပုဂံ၏ ဆွဲဆောင်မှုအလှတရားများကို နားလည်သဘောပေါက်လာပြီး ထိန်းသိမ်းစောင့်ရှောက် ကြစေရန် ဖြစ်ပါသည်။

ပြိုင်ပွဲဝင် ကာလ

မတ်လ (၁၂) ရက် ၂၀၁၇ မှ ဧပြီလ (၃၀) မေလ (၁၄) ရက် ၂၀၁၇ အထိ။

ပဏာမအဆင့် အမှတ်ပေးကာလ

မတ်လ (၂၆) ရက် ၂၀၁၇ မှ မေလ (၁၂) (၁၉) ရက် ၂၀၁၇ အထိ

ပြိုင်ပွဲဝင်ရန်

မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။ ပြိုင်ပွဲဝင်ခွင့် စည်းမျဉ်းစည်းကမ်းများကို သေချာစွာ ဖတ်ရှု လေ့လာပြီးမှ ဓာတ်ပုံ တင်သွင်းပေးပို့ပါရန်။

မဲပေးရန် ဖိတ်ခေါ်ခြင်း!

နေရာဒေသ မရွေး၊ လူမျိုးမရွေး၊ မည်သူမဆို နှစ်သက်ရာဓါတ်ပုံကို နိုင်ငံတကာမှ ခရီးသွားများ အပါအ၀င် မည်သူမဆို ပုဂံအလှရှာပုံတော်ဓါတ်ပုံပွဲတော်ပါဝင် မဲပေးနိုင်ပါသည်။ ကြိုက်နှစ်သက်သည့် ဓာတ်ပုံလှလှ လေးများကို Wonder Bagan facebook စာမျက်နှာ တွင် အကန့်အသတ်မရှိ ၀င်ရောက် မဲပေးနိုင်ပါသည်။
Created with Bagan Photo Festival