LANGUAGE

NEWS

ပုဂံမြို့၏ ဆွဲဆောင်မှုအလှတရား မျိုးစုံကို ကြီုဆိုပါတယ်ရှင်

ယခုအခါတွင် ပုဂံဓာတ်ပုံ ပွဲတော်မှာ တစ်လနီးပါး ရှိလာခဲ့ပြီ ဖြစ်ပါသည်။ ပုဂံဓာတ်ပုံ ပွဲတော်၏ အဓိက ရည်ရွယ်ချက်မှာ ပုဂံမြို့၏ ဆွဲဆောင်မှု အလှတရားများဖြစ်သည့် ရှုမျှော်ခင်း၊ ယဉ်ကျေးမှု၊ လူနေမှုဘ၀၊ဘာသာရေး ပွဲတော်များ၊ ရိုးရာဓလေ့ ထုံးစံများကို ရှုထောင့် မျိုးစုံမှ ရှာဖွေဖော်ထုတ်ရန်ဖြစ်ပါသည်။ ပုဂံ၏ အလှတရားများကို သင်၏ ရှုထောင့်အမြင်မှ တဆင့် မြင်လိုပါသည်။ပုဂံဓာတ်ပုံပွဲတော်ကို ၀က်ဆိုဒ် မှတဆင့် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး facebook တွင်မဲပေးခြင်းဖြင့် ပါဝင်ဆင်နွှဲကြရန် ဖိတ်ခေါ်အပ်ပါသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ပုဂံဓာတ်ပုံပွဲတော်အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း

ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) လုပ်ငန်းအဖွဲ့ဝင်များနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍          ပုဂံဓာတ်ပုံပွဲတော် နှင့်ပက်သက်၍ ဆွေးနွေးခဲ့ ကြပါသည်။ ဟိုတယ် ခရီးဝန်ကြီးဌာနမှ  ပုဂံဓာတ်ပုံပွဲတော် ကို ဟိုတယ် ခရီးဝန်ကြီးဌာန၏ facebook page တွင် ကြေငြာခြင်းဖြင့် ဒေသဆိုင်ရာအဖွဲ့ အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများပါ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် သဘောတူညီခဲ့ကြပါသည်။ဟိုတယ် ခရီးဝန်ကြီးဌာနမှ အကဲဖြတ်လုပ်ငန်းစဉ် များတွင်လည်း ပူးပေါင်းဆောင်ရွက်မည် ဖြစ်ပါသည်။

ပုဂံအလှရှာပုံတော်ဓါတ်ပုံပွဲတော် ၂၀၁၇ ခု ကိုစတင်ကျင်းပနေပါပြီ . . .

ပုဂံအလှရှာပုံတော်ဓါတ်ပုံပွဲတော် ၂၀၁၇ ခု အား မတ်လ ၁၂ ရက် ၂၀၁၇ မှ စတင် ၍ ကျင်းပ နေပါသည်။ ယခု ပုဂံဓါတ်ပုံပွဲတော် မှာ ပုဂံဒေသ (မြန်မာနိုင်ငံ) တွင် ကျင်းပပြုလုပ်သော နိုင်ငံတကာဓါတ်ပုံ ပြိုင်ပွဲကြီးတစ်ခု ဖြစ်ပါသည်။ ယခုပြိုင်ပွဲကို ဒေသခံ ပြည်သူများသာမက ပြည်တွင်းပြည်ပမှ ခရီးသွားများ ၊ အပြည်ပြည် ဆိုင်ရာမှ ခရီးသွားများပါ ၀င်ရောက်၍ ယှဉ်ပြိုင်နိုင်ပါသည်။ ပုဂံနှင်သက်ဆိုင်သည့် ဓါတ်ပုံများရိုက်ပြီး၊ ဤဆိုဒ်ရှိလင့်မှ တဆင့် ဓါတ်ပုံ များကို ပေးပို့၍ ၀င်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။
Created with Bagan Photo Festival