LANGUAGE

NEWS

ကဆုန်လပြည့်နေ့

မနေ့ကမေလ(၁၀)ရက်နေ့ မှာ ကဆုန်လပြည့်နေ့ ဖြစ်ပါသည်။ကဆုန် ဆိုသည်မှာ "ကုဆုန်"ဆိုသည့် စာလုံးမှ ဆင်းသက်လာခြင်း ဖြစ်ပါသည်။ "ကု" ဆိုသည်မှာ" ရေ"ဟု အဓိပ္ပာယ်ရပြီး "ဆုန်" ဆိုသည်မှာ" ဖြန်းပက်ခြင်း"ကို ဆိုလိုပါသည်။ ကဆုန်လပြည့်နေ့ မှာ ဗုဒ္ဓဘာ သာဝင် များအတွက် အလွန် အရေးပါသော နေ့တနေ့ ဖြစ်ပါသည်။ထိုနေ့မှာ ဗုဒ္ဓ ဖွားမြင်တော်မူသောနေ့၊ သဗ္ဗေညုတဥာဏ် ရတော်မူသောနေ့၊ ပရိနိဗ္ဗာန် စံတော်မူသောနေ့ ဖြစ်ပါသည်။ ဗုဒ္ဓ ဘုရားရှင်မှာ သဗ္ဗေညုတဥာဏ်ကို ဗောဓိပင်အောက်တွင် ရတော်မူသည် ကို အစွဲပြု၍ ကဆုန်လပြည့်နေ့တွင် ဗောဓိပင်ကို ရေသွန်းလောင်း၍ ကုသိုလ်ပြုကြသည့် ချစ်စရာ ရိုးရာဓလေ့ ပွဲတော်တစ်ခု ဖြစ်ပါသည်၊
Created with Bagan Photo Festival