LANGUAGE

NEWS

ရွေးချယ်ခံရသော ပြိုင်ပွဲဝင်များ အတွက် ဆုများ (ပုဂံ ဓာတ်ပုံပွဲတော်)

ပုဂံဓာတ်ပုံ ပွဲတော်မှ ဆုရွေးချယ် ခံရသောသူများအားလုံးကို ကို ကြိမ်ထည်ဓာတ်ပုံဘောင် နှင့် ကင်မရာလွယ်ကြိုး တို့ကို ဆုချီးမြှင့် ပေးမည်ဖြစ်ပါသည်။မြန်မာ့ ရိုးရာ ကြိမ်ဆွမ်းအုပ်အကြီး သုံးခု နှင့် ယွန်းလင်ပန်း သုံးခုတို့ကိုလည်း ပုဂံဓာတ်ပုံပွဲတော်အဖွဲ့မှ ရွေးချယ်သည့် ပြိုင်ပွဲဝင် ခြောက်ဦးကို ထပ်ဆင့် ဆုချီးမြှင့် မည်ဖြစ်ပါသည်။ ပူးပေါင်းပါဝင်ခြင်းအတွက် ကျေးဇူး အထူးတင်ရှိပါသည်။ ပုဂံဒေသထွက် လက်မှု ပစ္စည်း များကို ဆုအဖြစ်ပေးခြင်းဖြင့် ပိုမို လူသိများ ထင်ရှားလာစေရန် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ပါသည်။ ဆုရရှိသူများမှလည်း ပုဂံဒေသထွက် လက်မှု ပစ္စည်း များ၏ လှပမှု အသုံးဝင်မှု တို့ကို မြင်နိုင်မည်ဖြစ်ပါသည်။
Created with Bagan Photo Festival