LANGUAGE

NEWS

ဆုအတွက် ပါဝင်ကူညီ ခြင်း (H.I.S)

ပုဂံဓာတ်ပုံ ပွဲတော် အတွက် H.I.S ခရီးသွား ကုမ္ပဏီ မှ ဓါတ်ပုံပြိုင်ပွဲ မှ ဆုရွေးချယ် ခံရသောသူများ ကို ထပ်ဆင့် ဆုချီးမြှင့် ပေးခြင်းဖြင့် ပူးပေါင်းပါဝင်ခဲ့ပါသည်။ ပူးပေါင်းပါဝင်ခြင်းအတွက် ကျေးဇူး အထူးတင်ရှိပါသည်။ ဆုရရှိသူမှလည်း အထူးကျေနပ်နှစ်သက်လိမ့်မည်ဟု ယုံကြည်မိပါသည်။ H.I.S ခရီးသွား ကုမ္ပဏီ မှ ဆုရရှိသူသုံးဦးအား ထပ်ဆင့် ဆုချီးမြှင့်ပေးမည်ဖြစ်ပါသည်။ဆုရရှိသူတဦးအတွက် သီရိ ပစ္စယာ ဟိုတယ်တွင် တစ်ညအိပ် နှစ်ယောက်ခန်း တခန်း (Deluxe Garden View Room) (မနက်စာ(breakfast)အပါအ၀င်) ကို ဆုချီးမြှင့်သွားမည်ဖြစ်ပါသည်။ လှပသည့် ဥယျာဉ်အတွင်း မှ ဧရာဝတီ မြစ် ရှုမျှော်ခင်း ကို ကြည့်ရှုခံစားနိုင်မည် ဖြစ်ပါသည်။ ဆုရရှိသူတဦးအတွက် ဧရာ (River View) ဟိုတယ်တွင် တစ်ညအိပ် နှစ်ယောက်ခန်း တခန်း (Deluxe Room) (မနက်စာ(breakfast)အပါအ၀င်) ကို ဆုချီးမြှင့်သွားမည်ဖြစ်ပါသည်။ လှပသည့်  ဧရာဝတီ မြစ် ရှုမျှော်ခင်း နှင့် သဘောင်္ဆိပ် မှ လူနေမှုဘဝတို့ကို ကြည့်ရှုခံစားနိုင်မည် ဖြစ်ပါသည်။ ဆုရရှိသူတဦးအတွက် ဆုရဓာတ်ပုံကို ပုံထုတ်၍ ဆုချီးမြှင့်သွားမည်ဖြစ်ပါသည်။ 

 

 

 

 

 

Created with Bagan Photo Festival