LANGUAGE

NEWS

ဆုအတွက် ပါဝင်ကူညီ ခြင်း (ရွှေနန်းတော် ဟိုတယ်)(Aureum Palace Hotels&Resorts)

ပုဂံဓာတ်ပုံ ပွဲတော် အတွက် ရွှေနန်းတော် ဟိုတယ်(Aureum Palace Hotels&Resorts)မှ ဓါတ်ပုံပြိုင်ပွဲ မှ ဆုရွေးချယ် ခံရသောသူများ ကို ထပ်ဆင့် ဆုချီးမြှင့် ပေးခြင်းဖြင့် ပူးပေါင်းပါဝင်ခဲ့ပါသည်။ ပူးပေါင်းပါဝင်ခြင်းအတွက် ကျေးဇူး အထူးတင်ရှိပါသည်။ ဆုရရှိသူမှလည်း အထူးကျေနပ်နှစ်သက်လိမ့်မည်ဟု ယုံကြည်မိပါသည်။ရွှေနန်းတော် ဟိုတယ်(Aureum Palace Hotels&Resorts)မှ ဆုရရှိသူနှစ်ဦးအတွက် ၂ ညအိပ် နှစ်ယောက်ခန်း တခန်း (Jasmine/Orchid Garden View Villa) ၊ ၂ ညအိပ် နှစ်ယောက်ခန်း တခန်း (Jasmine/Orchid Lake View Villa) (မနက်စာ(breakfast)အပါအ၀င်) ကို ဆုချီးမြှင့်သွားမည်ဖြစ်ပါသည်။ ဟိုတယ်မှာ ပုဂံမြို့ သစ် နှင့် ညောင်ဦးမြို့ အကြားရှိ တိတ်ဆိတ်အေးချမ်းသောနေရာတွင်တည် ရှိပြီး ဟိုတယ်အတွင်းရှိ မျှော်စင်မှလည်း ပုဂံမြို့၏ သာယာလှပသော ရှုမျှော်ခင်း ကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ပါသည်။
Created with Bagan Photo Festival